Learning Series: Director Certification Program (DCP) Batch 19

August 8, 2026 - August 16, 2026

Director Certification Program (DCP) Batch 19 ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ – ၉ ရက်နှင့် ၁၅ – ၁၆ ရက်နေ့များတွင် Novotel Yangon Max ၌ လေးရက်တာ လူကိုယ်တိုင်တက်ရောက်သည့် Weekend Program အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ယခုအစီအစဉ်တွင် ပါဝင်ပို့ချပေးခဲ့ကြသည့် Faculty Members နှင့် Invited Speakers များဖြစ်သော Dr. Thaung Han, Daw Win Win Tint, Daw Thuzar Win, Daw Kim Chawsu, Dr. Tun Thura Thet, U Myint Zaw, Daw Thin Thin Myat, U Myo Min, Daw Min Min Ayer Naing, Mr. Nicolas Delange, U Thet Htun Oo နှင့် Daw Khine Wai Thwe တို့အား အထူးကျေးဇူးတင်ရှိပါသည်။ 🙏

🎊 DCP Batch 19 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည့် Certified Directors များအားလုံးကို ဂုဏ်ပြုဝမ်းမြောက်ပါသည်။ 🎊

DCP Batch 19 တွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများမှ Directors များ၊ Board Members များနှင့် Senior Management များ အများစု ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Program အတွင်း လေ့လာဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများ၊ အပြန်အလှန်ဆွေးနွေးမှုများနှင့် DCP19 cohort အချင်းချင်း အတွေ့အကြုံများ ဖလှယ်မှုများက Corporate Governance အပေါ် နားလည်မှုကို ပိုမိုတိုးတက်စေပြီး Board Director တစ်ဦးအနေဖြင့် မိမိ၏အခန်းကဏ္ဍနှင့် တာဝန်များကို ပိုမိုနားလည်စေခဲ့မည်ဟု မျှော်လင့်ပါသည်။