Learning Series: Director Certification Program (DCP) Batch 18

March 21, 2026 - March 29, 2026

Director Certification Program (DCP) Batch 18 ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ – ၂၂ ရက်နှင့် ၂၈ – ၂၉ ရက်နေ့များတွင် Meliá Yangon ၌ လေးရက်တာ လူကိုယ်တိုင်တက်ရောက်သည့် Weekend Program အဖြစ် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ယခု Program တွင် ပါဝင်ပို့ချပေးခဲ့ကြသည့် Faculty Members နှင့် Invited Speakers များဖြစ်သော Dr. Thaung Han, Daw Win Win Tint, Daw Thuzar Win, Daw Kim Chawsu, Dr. Tun Thura Thet, Daw Thin Thin Myat, U Myo Min, Daw Min Min Ayer Naing, Mr. Nicolas Delange, U Thet Htun Oo နှင့် Daw Khine Wai Thwe တို့အား အထူးကျေးဇူးတင်ရှိပါသည်။ 🙏

🎊 DCP Batch 18 ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည့် Certified Directors များအားလုံးကို ဂုဏ်ပြုဝမ်းမြောက်ပါသည်။ 🎊

DCP Batch 18 တွင် မြန်မာနိုင်ငံရှိ ကုမ္ပဏီများမှ Directors များ၊ Board Members များနှင့် Senior Management များ အများစု ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Program အတွင်း ဆွေးနွေးလေ့လာခဲ့ကြသည့် အကြောင်းအရာများနှင့် DCP18 cohort အချင်းချင်း အပြန်အလှန်ဆွေးနွေးဖလှယ်မှုများမှတစ်ဆင့် Corporate Governance နှင့် အထူးသဖြင့် Board Director တစ်ဦးအနေဖြင့် မိမိ၏အခန်းကဏ္ဍနှင့် တာဝန်များအပေါ် ပိုမိုနားလည်သဘောပေါက်လာစေခဲ့မည်ဟု မျှော်လင့်ပါသည်။

ထို့အပြင် Program မှ ရရှိခဲ့သည့် အသိပညာများနှင့် လက်တွေ့အသုံးချနိုင်သည့် Tools များသည် Senior Leaders နှင့် Board Directors များအနေဖြင့် မိမိတို့၏ ခေါင်းဆောင်မှုစွမ်းရည်များကို ဆက်လက်တိုးတက်စေရန်နှင့် မိမိတို့၏ အဖွဲ့အစည်းများကို ပိုမိုကောင်းမွန်ခိုင်မာလာစေရန် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။